top of page

အသက်မွေးဝမ်းကြောင်းသင်တန်း

အသံ
အသံ

အသက်မွေး၀မ်းကြောင်းသင်တန်း ဟုဆိုရာတွင် အဓိပ္ပါယ်တစ်ချို့ ရှိနိုင်သည်။ သင်တန်း အစီအစဉ် အားလုံးနီးပါးတွင် တက်ရောက်မည့်လူပုဂ္ဂိုလ်သည်  အရင်ဦးဆုံး အထက်တန်းကျောင်း ပညာရေး  ပြီးမြောက်ရန် လိုအပ်သည်။ လူငယ်လူရွယ်များသည် အထက်တန်းကျောင်း ဒီပလိုမာ ကို ယူအက်စ်ရှိ အထက်တန်းကျောင်းများ အား ပြီးမြောက်အောင် တက်ရောက်ခြင်းဖြင့် ရရှိနိုင်သည်။ မိမိတို့၏ နိုင်ငံတွင် အထက်တန်းကျောင်း ပြီးဆုံးအောင် တက်ရောက်ခြင်းမရှိခဲ့သော လူငယ်လူရွယ်များ သို့မဟုတ် ယူအက်စ်တွင် အထက်တန်းကျောင်း ဒီပလိုမာ ရရှိရန် ကြိုးစားချင်သူများ အနေဖြင့် (GED) ဟုခေါ်သော စာမေးပွဲတစ်မျိုးကို ဖြေဆိုအောင်မြင်ရပါမည်။ အထက်တန်းကျောင်းတွင် စာရင်းမသွင်းရသေးသော ၁၈ နှစ်နှင့်အထက် လူငယ်လူရွယ်အားလုံးသည် မိမိတို့၏ အသိုင်းအဝန်းအတွင်း တွင်ရှိ သော ကျောင်းတစ်ခုခု သို့သွား ရောက်၍ GED စာမေးပွဲအတွက် ပြင်ဆင်ရန် အကူအညီရယူနိုင်သည်။ ပထမဦးဆုံးအနေဖြင့် GED စာမေးပွဲတွင် ရလဒ်ကောင်းရရှိဖို့ရန် အင်္ဂလိပ် ဘာသာစကား ဖတ်ခြင်း၊ ရေးခြင်းနှင့် နားထောင်းခြင်းအရည်အချင်း တို့ တွင် အလွန်ကောင်းမွန်နေရန် လူများ လိုအပ်ပါသည်။ ဒေသတွင်းရှိ GED အစီအစဉ် တွင်( နောက်တမျက်နှာတွင် ရွေးချယ်ရန် နံပါတ် ၁ ရှိသည် ) လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အနေဖြင့် GED အတန်းများနှင့် စာမေးပွဲများကို မစတင်မီ ESL  နှင့် အင်္ဂလိပ်ဘာသာစကားသင်တန်းကို တက်ရောက်ရန်လိုအပ်ပါက ထောက်ခံချက်ပေးနိုင်သော ကျွမ်းကျွင် ဝန်ထမ်းများ ရှိ နေလိမ့်မည်။

 

   အထက်တန်းကျောင်း သို့မဟုတ် GED ကို ဖြေဆို အောင်မြင်ပြီးသူများ အတွက်မှာမူ ရွေးချယ်တက်ရောက်စရာ များစွာရှိ နေသည်၊၊ သို့ သော်လည်း ထိုရွေးချယ်စရာ များ ကို ရယူနိုင်ရန်  ၎င်း ပုဂ္ဂိုလ် အနေဖြင့် အင်္ဂလိပ်သာသာ စကားကို အဖတ် ၊ အရေး ၊ အကြား နှင့် တခါတရံတွင် အပြော စွမ်းရည်ကိုပါ ကျွမ်းကျွင်စွာ တက်မြောက်နေရန် လိုအပ်သည်။ ထို ရွေးချယ်စရာများတွင် ရေရှည်သင်တန်းအမျိုးအစားဖြစ်သော ကောလိပ်နှင့် ကောလိပ်တစ်ခုမှ တစ်ခါတစ်ရံတွင် ကမ်းလှမ်းလေ့ရှိသော ရေတိုသင်တန်းအမျိုးအစားများစွာ တို့ပါဝင်သည်။  ကျွန်ုပ်တို့ အနေနဲ့ ထိုရွေးချယ်စရာများကို ဤလမ်းညွန်ချက်တွင် ၂နှစ်ကြာ သင်တန်း ၊ ၄ နှစ်ကြာသင်တန်းနှင့် အခြားသော သင်တန်း အမျိုးအစားများဟူ၍ အုပ်စု ၃စု ခွဲထားသည်၊၊   

 

   ကျွန်ုပ်တို့ အနေနှင့် အုပ်စု တစ်ခုချင်းစီကို ကြည့်ရူ့၍ ရရှိနိုင်သော ရွေးချယ်စရာများကို သိနားလည်အောင် ရန် အုပ်စု တစ်ခုချင်းစီကို ကြည့်ရူသုံးသပ်ဖို့ရန် သင့်အား တိုက်သွန်းလိုပါသည်။ ကျောင်း သို့မဟုတ် သင်တန်းအစီအစဉ် တစ်ခုချင်းစီကို တိုက်ရိုက် ဆက်သွယ်နိုင်ရန် အခွင့် အရေးရှိမည်ဖြစ်ကာ ၎င်းတို့၏ အစီအစဉ်များတွင် သင့် အနေနဲ့ မည် သို့ မည်ပုံ ပါဝင်နိုင်မည်ကိုလည်းကောင်း ၊ ၎င်းတို့ဘက်မှ တောင်းဆိုနိုင်မည့် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးမေးမြန်းနိုင်မည်ဖြစ်သည်။ 

အသံ

GED

GED သည် အထက်တန်း အောင်လက်မှတ် နှင့် ကိုက်ညီသော ပညားရေးတစ်ခုဖြစ်သည်။ဒေသတွင်း အစီအစဉ်တစ်ခုတွင် ရရှိနိုင်သော အခမဲ့အတန်းများနှင့်သင်ကြားရေးပစ္စည်းများအကြောင်းပိုမိုလေ့လာလိုပါက နံပတ် ၁ ကို နှိပ်ပါ။

ကျောင်းသားများကို တွဲဖက်ဒီဂရီတစ်ခု ရယူနိုငိစေ၍ လေးနှစ်ကြာသင်ယူရသော ကောလိပ်တစ်ခုသို့ ပြောင်းရွှေ့နိုင်ရန် ရွှေးချယ်မူရရှိစေသော ၂ နှစ်ကြာ သင်ယူရသော ကျောင်းကို ကွန်မြူနတီကောလိပ်ဟုခေါ်သည်။ တချို့သောကျောင်းများကိုမူ နည်းပညာပိုင်းဆိုင်ရာ ကောလိပ်ဟုခေါ်ကာ သက်မွေးအလုပ်အကိုင်နယ်ပယ်တစ်ခုတွင် သက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကို သင်ကြားပေးသည်။ ပိုမိုလေ့လာရန် နံပတ် ၂ ကိုနှိပ်ပါ။

၂ နှစ်/ကောလိပ်

၄ နှစ်/ကောလိပ်

၄ နှစ်တာကြာ ကောလိပ်မျယးသည် ပညာရေးဆိုင်ရာ ရွှေးချယ်စရာများကို ပိုမိုကမ်းလှမ်းထားပြီး တက္ကသိုလ်ဘွဲ့တစ်ခု ရရှိနိုင်သော အခွင့်အရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ကောလိပ်အတွေ့အကြုံများကို ရရှိနိုင်သည်။ ပိုမိုလေ့လာရန် နံပတ် ၃ ကိုနှိပ်ပါ။

အခြားသော သင်တန်းများ

တွဲဖက်ဘွဲ့များနှင့် တက္ကသိုလ်ဘွဲ့များအပြင် အခြားသော သင်တန်းအမျိုးအစားများစွာ ရရှိနိုင်သည်။ ဤသင်တန်းများထဲမှ အချို့သည် ရက်သတ္တပတ် သို့မဟုတ် လပိုင်းအတွင်း   တက်ရောက်ပြီးမြောက်နိုင်သည်။ လက်မှတ်အထောက်အထားများရရှိနိုင်ကာ အလုပ်အကိုင်နှင့် အသက်မွေးအလုပ်အကိုင် အခွင့်အလမ်းများ ကမ်းလှမ်းထားသည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ အစီအစဉ်များအကြောင်းကို သိရှိလိုပါက နံပတ် ၄ ကို နှိပ်ပါ။

bottom of page