
အခြားသော သင်တန်းများ
.png)
အလုပ်အကိုင်စုသည် အကြီးမားဆုံးသောအခမဲ့မှီတင်းနေထိုင်သူများဆိုင်ရာ ပညာရေးနှင့် အသက် ၁၆ နှစ်နှင့် ၂၄ နှစ်ကြား လူငယ် လူရွယ်များအတွက် အလုပ်အကိုင်သင်တန်းအစီအစဥ် ဖြစ်သည်။ သတင်းအချက်အလက်ပိုမိုသိရှိရန် နံပတ် ၁ ကို နှိပ်ပါ။

အလုပ်သင်ခြင်းများသည် လူတစ်ဦးတစ်ယောက်ချင် းစီအနေဖြင့် လုပ်အားလခ ရရှိသော အလုပ်အတွေ့အကြုံ စာသင်ခန်းအတွင်း ညွှန်ကြားချက်များနှင့် အလွှယ်တကူ သယ်ဆောင်၍ရသော နိုင်ငံတစ်ဝှမ်း အသိအမှတ်ပြုလက်မှတ်အထောက်အထားများ ရရှိနိုင်သော အရည်အသွေးမြင့် အသက်မွေးအလုပ်အကိုင် လမ်းကြောင်းများဖြစ်သည်။
ပိုမို သိရှိလိုပါက နံပတ် ၂ ကို နှိပ်ပါ
၃
ကာလတိုသင်တန်း
Click 3 to learn more about training programs that can last 1 - 4 months and provide certificates in Healthcare, IT, Construction and Transportation. All of these have financial help available for individuals who qualify.
စကားပြန်သင်တန်း
ဘာသာစကားနှစ်မျိုးပြောနိုင်သူများအတွက် ဆေးဖက်ဆိုင်ရာဝန်ဆောင်မူ လုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် စကားပြန်များအဖြစ် လုပ်ကိုင်နိုင်ရန် သင်တန်းများ ဖွင့်လှစ်ပေးသော ဒေသတွင်းအစီအစဉ်တစ်ခုအကြောင်းကို ပိုမိုသိရှိလိုပါက နံပတ် ၄ ကိုနှိပ်ပါ။

Great Onyx Job Corps သည် သင် သို့မဟုတ် သင့်မိသားစုအတွက် ကုန်ကျစရိတ်မရှိဘဲ ယနေ့ခေတ်လုပ်ငန်းခွင်တွင် အောင်မြင်ရန် အရည်အချင်းများကို ပေးဆောင်သည်။ လေ့ကျင့်ရေးအစီအစဉ်သည် အသက် 16 နှစ်မှ 24 နှစ်အရွယ်လူငယ်များကို Mammoth Cave, KY ရှိ ကျောင်းဝင်းတွင် နေထိုင်စေပြီး ၎င်းတို့အား အလုပ်အကိုင်နှင့် အမှီအခိုကင်းစေရန် လိုအပ်သည့်စွမ်းရည်များကို သင်ကြားပေးပြီး အဓိပ္ပာယ်ပြည့်ဝသောအလုပ်များ သို့မဟုတ် နောက်ထပ်ပညာရေးတွင် ထားရှိသည်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းကို အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး၊ သတင်းအချက်အလက်နည်းပညာနှင့် ပြန်လည်ပြည့်ဖြိုးမြဲနိုင်သော အရင်းအမြစ်များနှင့် စွမ်းအင်တို့တွင် ရရှိနိုင်ပါသည်။ စစ်တမ်းတိုတစ်ခုကို ပြီးမြောက်ရန် အထက်ဖော်ပြပါ လိမ္မော်ရောင် "ကျွန်ုပ်တို့ကို ဆက်သွယ်ပါ" ဖောင်ကို နှိပ်ပါ။ ဖောင်ကို အင်္ဂလိပ်နှင့် စပိန်ဘာသာဖြင့် ရနိုင်သည်။
GREAT ONYX JOB CORPS, MAMMOTH CAVE, KY
(Bowling Green,KY မှ အကွာအဝေး ၁ နာရီအကြာ )


IKORCC သည် Louisville တွင် စာသင်ခန်းတွင်သင်တန်းကို ဖွင့်လှစ်ထားပြီး Kentucky တွင် အလုပ်ခန့်အပ်ခြင်းနှင့် လက်တွေ့သင်တန်းကို ဖွင့် လှစ်ထားသည်။ လက်သမားတစ်ယောက် ၊စက်ပြင်တစ်ယောက် သို့မဟုတ် ကြမ်းခင်းလောင်းသူတစ်ယောက် ဖြစ်ရန် ဖွင့်လှစ်ထားသော အလုပ်သင်အစီအစဉ်အကြောင်း ရှာဖွေလိုပါက နံပတ် ၁ ကို နှိပ်ပါ။

မတူညီကွဲပြားသော လုပ်ငန်းသက်မွေးဝမ်းကြောင်း သင်တန်းနှင့် တည်နေရာများကို ကမ်းလှမ်းပေးသော အခြားသော အလုပ်သင်ခြင်းအမျိုးအစားများကိုလည်း ရရှိနိုင်သည်။Bowling Green တစ်ဝိုက်တွင် တက်ရောက်နိုင်သောအစီအစဉ်များကို ကြည့်ရှု့ရန် နံပတ် ၂ ကို နှိပ်ပါ။
အလုပ်သင်ဖြစ်ခြင်းများ
အလုပ်သင်ခြင်းအစီအစဉ်တစ်လျှောက်တွင် သင့်အနေနှင့် လုပ်အားလခရရှိခြင်း၊ ကျွမ်းကျင်မူကို ဖြည့်တင်းသောကာလအတွင်း သင့်လျော်သော လုပ်ငန်းတွင်း အတွေ့အကြုံများ ရရှိနိုင်ခြင်းနှင့် အလုပ်ရှင်များမှ တန်ဖိုးထားသော လုပ်ငန်းဆိုင်ရာအထောက်အထားများကို ရရှိနိုင်သည်။ ၉၃% သော အလုပ်သင်များသည် အလုပ်သင်ခြင်းတစ်ခုပြီးမြောက်ပြီးချိန်တွင် ပျှမ်းမျှ တစ်နှစ်လုပ်အားခ ၇၇,၀၀၀ ဒေါ်လာဖြင့် အလုပ်အကိုင်ရရှိကြသည်။ အခွင့်အလမ်းများကို အလုပ်ရှင်တစ်ယောက် သို့မဟုတ် အစီအစဉ်ကို စပွန်ဆာပေးသူမှ ကမ်း လှမ်းလေ့ရှိသည်။

လုပ်အားလခရှိသော အလုပ်အကိုင်
သင့်တွင် ကျွမ်းကျင်မူအသစ်များ တိုးလာသည်နှင့်အမျှ လုပ်အားခ တိုးလာရန် အာမခံချက်တစ်ခုရှိသော အလုပ်ကို လုပ်ကိုင်ရင်းသင်ယူနိုင်ခြင်း

ပညာရေး
သင်ရွှေးချယ်သော နယ်ပယ်တွင် လုပ်ငန်းတွင်း သင်တန်းဖြင့် လုပ်ငန်းနေရာနှင့်လိုက်လျောညီထွေသောလုပ်ငန်းတွင်း ကျွမ်းကျင်မူရရှိနိုင်ခြင်း

အရည်အချင်းပြည့်ကြောင်းအထာက်အထား များ
နိုင်ငံ တစ်ဝှမ်းသယ်ဆောင်နိုင်သောလုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု အထောက်အထားတစ်ခု လက်ခံရရှိမည်။

ဘွဲ့ရရှိနိုင်ခြင်း
ကျောင်းသားကြွေးမြီများ ရှောင်ခွင်းရင်း သင် သင်ယူရရှိသော ကျွမ်းကျင်မူများအတွက် ကောလိပ်ဘွဲ့ရရှိရန် ပညာရေး credit ရရှိခြင်း.

သင့်အသက်မွေးအလုပ်အကိုင် အချိန်တိုအတွင်း ခရီးရောက်ခြင်း
အလုပ်လုပ်ကိုင်ခြင်းနှင့် ပညာသင်ယူခြင်းကို တပြိုင်နက် လုပ်ဆောင်နိုင်ခြင်းကြောင့် ကျောင်းတက်ခြင်းမှ သက်မွေးအလုပ်အကိုင်ရှာဖွေခြင်းသို့ ကူးပြောင်းရသော ကာလ သက်သာရာရစေခြင်း

လမ်းညွှန်ပေးမူ
သင်ရွှေးချယ်သော လုပ်ငန်းနယ်ပယ်တွင် သင့်သက်မွေးအလုပ်အကိုင်ကို အဆင့်မြင့်လာစေရန် ကူညီပေးနိုင်သော လမ်းညွှန်ပေးသူများဖြင့် ချိတ်ဆက်နိုင်ခြင်း

Indiana Kentucky Ohio ဒေသဆိုင်ရာလက်သမားများကောင်စီတွင် လက်သမား၊စက်ပြင်၊ကြမ်းခင်းလောင်းသူများ ဖြစ်ရန် အလုပ်သင်ခြင်း အခွင့်အလမ်းကို ကမ်းလှမ်းထားသည်။ ကျောင်းသားများအနေဖြင့် Louisville ရှိကျောင်းတွင် ၃ လတိုင်းတွင် တပတ် ဖြင့် ၄ နှစ်ကြာ တက်ရောက်ရမည် ဖြစ်သည်။ ကျောင်းတက်သည့်ရက်သတ္တပတ်ကြားကာလများတွင် သင့်အနေဖြင့် ကျွန်ုပ်တို့၏ ကန်ထရိုက်တာများထဲမှတစ်ဦး ထံတွင် အလုပ်လုပ်ရမည် ဖြစ်ကာ သင်၏ အလုပ်အကိုင်ပညာရပ်ကို အတွေ့အကြုံရှိ သင်ကြားရေးဆရာများထံမှ သင်ယူ ဝင်ငွေကောင်းကောင်းနှင့် ခံစားခွင့်များစွာကို သင် အနေဖြင့် လုပ်ကိုင်နေစဥ်အတွင်း ရရှိမည်ဖြစ်သည်။
သတင်းအချက်အလက်များကို သင်တန်းအစီအစဉ်တွင် အင်္ဂလိပ်ဘာသာစကားဖြင့် ရရှိနိုင်မည် ဖြစ်သည်။ Training Programs - (ikorcctraining.com)




အလုပ်သင်တစ်ယောက်ဖြစ်ရန်အတွက် ဤနေရာကို နှိပ်၍ အခွင့်အလမ်းတစ်ခုကိုရှာဖွေပါ။:
Apprenticeship Finder | Apprenticeship.gov
ထို့နောက် အလုပ်ရှင် သို့မဟုတ် အစီအစဉ်ကိုစပွန်ဆာ ပေးသူထံသို့ တိုက်ရိုက်လျှောက်ထားပါ။ တိကျသောအခွင့်အလမ်းတစ်ခုတည်းနှင့် ပတ်သက်၍ သင့်တွင် မေးခွန်းများရှိပါက အလုပ်ရှင် သို့မဟုတ် အစီအစဉ် စပွန်ဆာပေးသူ အား သတင်းအချက်အလက်များပိုမိုသိရှိရန် သင့်အနေဖြင့် ဆက်သွယ်နိုင်သည်။ လင့်ကိုနှိပ်လိုက်လျင် သင့်စက်ကိရိယာအတွင်း ဘရော့ဆာ အသစ်တစ်ခု ပွင့်လာကာ စကားလုံးအားလုံးကို အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားလိမ့်မည်။



ကာလတိုသင်တန်းများ
ကာလတိုသင်တန်းတွင် တစ်လမှ တစ်နှစ်ထိကြာမြင့်တိုင်သော အတန်းများနှင့်အစီအစဉ်များပါဝင်သည်။ ဤသင်တန်းအမျိုးအစားများသည် သင့်အား အလုပ်အကိုင်အတွက် အရည်အချင်းပြည့်မှီရန်၊ ရာထူတိုးမြှင့်ခြင်းခံရရန် သို့မဟုတ် ငွေးကြေးပိုမို ရရှိရန် ကူညီပေးနိုင်သည်။ကာလတိုသင်တန်း အစီအစဉ်များကို နှစ်တစ်နှစ်၏ အချိန်ကာလအမျိုးမျိုးတို့တွင် ဖွင့်လှစ်ထား၍ ကျောင်းအမျိုးမျိုးနှင့် ထောင်ပံ့မူပေးသူ တို့မှဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
သင့်အနေဖြင့် သင်တန်းမှအကူအညီရရန် အရည်အချင်းပြည့်မှီနိုင်ပါသည်။ သင်တန်းအစီအစဉ်တွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများမှ သင့်အား ငွေကြေးဆိုင်ရာ အကူအညီပေးနိုင်သော သင်တန်းများသို့ညွန်း၍ ကူညီပေးနိုင်သည်။
တောင်ပိုင်း ဗဟို Kentucky တွင်ရှိသော ရေတိုသင်တန်းအစီအစဉ်များအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ အနီရောင်အကွက်ကိုနှိပ်၍ နောက်စာမျက်နှာတစ်ခုသို့ ရှေ့ဆက်ပါ။
သင်တန်းတစ်ခုစီအကြောင်း ပိုမိုလေ့လာရန် နံပါတ်တစ်ခုကို ရွေးပါ
ကျန်းမာရေးစောင့်ရှောက်မှု / ဆေးဘက်ဆိုင်ရာသင်တန်းများ
ဆောက်လုပ်ရေးသင်တန်းများ
စီးပွားရေး /အင်တာနက်နည်းပညာ(IT)
လုပ်ငန်းသုံး ယာဉ်မောင်းလိုင်စင် (CDL) သင်တန်း
အခကြေးငွေပေးရသည့် အလုပ်အတွေ့အကြုံများ
အကယ်၍ သင်သည် ကျန်းမာရေးစောင့်ရှောက်မှု အသက်မွေးဝမ်းကျောင်းနယ်ပယ်၊ ဆောက်လုပ်ရေး အသက်မွေးဝမ်းကျောင်းနယ်ပယ်၊ စီးပွားရေး/အင်တာနက်နည်းပညာ အသက်မွေးဝမ်းကျောင်းနယ်ပယ် သို့မဟုတ် သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အသက်မွေးဝမ်းကျောင်းနယ်ပယ်အကြောင်း ပိုမိုလေ့လာလိုပါက ဒီ အနက်ရောင် သေတ္တာကိုနှိပ်ပါ
ဆေးဝါးကျွမ်းကျင်ပညာရှင်
ဆေးဝါးပညာရပ်ဆိုင်ရာ ပညာရှင် အတန်းများသည်သင့်အား ကျေနပ်ဖွယ်ကောင်းသော အသက်မွေးအလုပ်အကိုင်လမ်းကြောင်းပေါ်တွင် အစပြုနိုင်စေလိမ့်မည်။ သင့်အနေဖြင့် အမျိုးသားထောက်ခံချက် အတွက် ပြင်ဆင်ပေးခြင်း ဆေးဝါးဆိုင်ရာ အခြေခံအဆင့် ရာထူးများတွင် လုပ်ကိုင်ရန် အရည်အချင်း၊ လိုအပ်သော ကျွမ်းကျင်မူများနှင့် ဗဟုသုတများကို ရရှိနိုင်လိမ့်မည်။
အချိန်စာရင်း : အွန်လိုင်း၊ကိုယ်တိုင်သင်ယူနိုင်သည့်အလျှောက်၊ နာရီပေါင်း ၄၀၀၊ ၁၂ လအထိ။ ၎င်း၏အဓိပ္ပါယ်မှာ သင်သည် စာသင်ခန်းအတွင်းသွားရောက်တွေ့ဆုံသင်ကြားရမည်မဟုတ်ပါ။ သင့်အနေဖြင့် သင်တန်းအား ပြီးဆုံးသည်ထိ တက်ရောက်ပြီးပါက Pharmacy Technician Certification Exam (PTCE) စာမေးပွဲကို သွားရောက်ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် စာမေးပွဲကြေးအတွက် ပြေစာတစ်စောင်နှင့် အွန်လိုင်း ဓာတ်ခွဲခန်း သင်ရိုးတစ်ခု ပါဝင်မည်ဖြစ်ပါသည်။သင်ကြားမူပြီးမြောက်သည့်အခါတွင် သင့်အနေဖြင့်နာရီပေါင်း ၁၀၀ လက်တွေ့ကွင်းဆင်းနိုင်သော အခွင့်အရေးကို ရရှိမည် ဖြစ်သည်။
ကုန်ကျစရိတ် : ဒေါ်လာ ၂,၄၉၅၊ ငွေကြေးဆိုင်ရာ အကူအညီကို ရရှိကောင်းရရှိမည်။
လိုအပ်ချက်များ : မည်သည့် ဆေးဖက်ဆိုင်ရာအတွေ့အကြုံမျှမလိုအပ်ပါ;သင့်အနေနှင့် PC ( Window 10 {သို့ }နောက်ပိုင်းထွက်သော အရာများ) တစ်လုံး ၊Mac(OS X 10.11 သို့ နောက်ပိုင်း ) သို့ Chromebook;အင်္ဂလိပ်သဒ္ဒါနှင့် ပုဒ်ဖြတ်ပုဒ်ရပ်ကျွမ်းကျင်မူ၊အခြေခံ အာလ်ဂျီဗရာ စွမ်းရည်များတို့ကို လိုအပ်မည် ဖြစ်သည်။
သင်ကြားမူပြီးမြောက်သောအခါ ရရှိနိုင်သော လုပ်ခ လစာ- $၂၉,၀၀၀-၄၃,၀၀၀/နှစ်


သွေးဖောက်ကျွမ်းကျင်ပညာရှင်
လူနာများထံမှ သွေးဖောက်ယူခြင်း ၊ လူနာများထံမှသွေးဖောက်ယူခြင်းဆိုင်ရာ လုပ်ဆောင်မူအဆင့်ဆင့်ကို မည်ကဲ့သို့စနစ်တကျ ရှင်းပြရခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာ စစ်ဆေးခြင်းများနှင့် ဆေးဖက်ဆိုင်ရာ ပစ္စည်း ကိရိယာများဖြစ်သော အပ်များ၊စစ်ဆေးရေးဖန်ပြွန်များနှင့် သွေးအိတ်များ ထိန်းသိမ်းခြင်း တို့ကို တာဝန်ယူရမည်။
အချိန်စာရင်း : အွန်လိုင်း၊ကိုယ်တိုင်သင်ယူနိုင်သည့်အလျှောက်၊ နာရီပေါင်း ၂၀၀၊ ၁၂ လအထိ။ ၎င်းဆိုလိုရင်းမှာ သင်သည် စာသင်ခန်းအတွင်းသွားရောက်တွေ့ဆုံသင်ကြားရမည်မဟုတ်ပါ။ သင့်အနေဖြင့် သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီးပါက Certified Phlebotomy Technician (CPT) စာမေးပွဲကို သွားရောက်ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် စာမေးပွဲကြေးအတွက် ပြေစာတစ်စောင်နှင့် အွန်လိုင်း ဓာတ်ခွဲခန်း သင်ရိုးတစ်ခု ပါဝင်မည်ဖြစ်ပါသည်။ သင်ကြားမူပြီးမြောက်သည့်အခါတွင် သင့်အနေဖြင့် လုပ်အားခမရသော လက်တွေသုံး ဆေးပညာနဲ့ဆိုင်သည့် အတွေ့အကြုံရယူနိုင်ရန် အခွင့်အရေးတစ်ခုရရှိမည်ဖြစ်ပါသည်။
ကုန်ကျစရိတ် : ဒေါ်လာ ၂,၄၉၅၊ ငွေကြေးဆိုင်ရာ အကူအညီကို ရရှိကောင်းရရှိမည်။
လိုအပ်ချက်များ : မည်သည့် ဆေးဖက်ဆိုင်ရာအတွေ့အကြုံမျှမလိုအပ်ပါ;သင့်အနေနှင့် PC ( Window 10 သို့ နောက်ပိုင်းထွက်သော အရာများ) တစ်လုံး ၊Mac(OS X 10.11 သို့ နောက်ပိုင်း ) သို့ Chromebook;အင်္ဂလိပ်သဒ္ဒါနှင့် ပုဒ်ဖြတ်ပုဒ်ရပ်ကျွမ်းကျင်မူတို့ လိုအပ်မည် ဖြစ်သည်။
သင်ကြားမူပြီးမြောက်သောအခါ ရရှိနိုင်သော လုပ်ခ လစာ : $၂၈,၀၀၀-၄၃,၀၀၀/နှစ်


ဆေးဘက်ဆိုင်ရာလက်ထောက်, ( CMA )နည်းပညာရှင်
ဆေးဖက်ဆိုင်ရာ အသုံးအနှုန်းများ၊ ဆေးဖက်ဆိုင်ရာ ဥပဒေ၊ကျင့်ဝတ်များ ၊HIPAA စည်းမျဉ်းများနှင့် စနစ်များကို အချိန်ဇယားပြုလုပ်ခြင်း၊အဓိက လက္ခဏာများကို တိုင်းတာခြင်း၊စာမေးပွဲများတွင် ကူညီခြင်း၊ ဓာတ်ခွဲခန်းတွင် ဆေးစစ်ခြင်းများကို လုပ်ဆောင်ခြင်း၊ပစ္စည်းကိရိယာများက်ု ထိန်းသိမ်းခြင်းနှင့် ကူညီထောက်ပံ့ပေးခြင်းများ၊ဆေးထိုးသွင်းခြင်းများကို လုပ်ဆောင်ခြင်း၊သွေးနမူနာများရယူခြင်း၊ရက်ချိန်များကို အချိန်ဇယားပြုလုပ်ခြင်းနှင့်လူနာများအား နာမည်စာရင်းသွင်းပေးခြင်းတို့ကို သင်ယူရမည် ဖြစ်သည်။
အချိန်စာရင်း : အွန်လိုင်း၊ကိုယ်တိုင်သင်ယူနိုင်သည့်အလျှောက်၊ နာရီပေါင်း ၅၄၀၊၁၂ လအထိ။ ၎င်း၏အဓိပ္ပါယ်မှာ သင်သည် စာသင်ခန်းအတွင်းသွားရောက်တွေ့ဆုံသင်ကြားရန်မလိုအပ်ပါ။ သင့်အနေဖြင့် သင်တန်းအား ပြီးဆုံးသည်ထိ တက်ရောက်ပြီးပါက Certified Medical Assistant စာမေးပွဲကို သွားရောက်ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် စာမေးပွဲကြေးအတွက် ပြေစာတစ်စောင်နှင့် အွန်လိုင်း ဓာတ်ခွဲခန်းသင်ရိုးတစ်ခု ပါဝင်မည်ဖြစ်ပါသည်။ သင်ကြားမူပြီးမြောက်သည့်အခါတွင် သင့်အနေဖြင့် CPR လက်မှတ်ရရှိသူတစ်ယောက် ဖြစ်လာကာ လုပ်အားလခ မရရှိသော လက်တွေ့ဆေးပညာဆိုင်ရာ အတွေ့အကြုံတစ်ခုတွင် ပါဝင်ရသော အခွင့်အရေးတစ်ခုကို ရရှိမည် ဖြစ်သည်။
ကုန်ကျစရိတ် : ဒေါ်လာ ၂,၈၉၀၊ ငွေကြေးဆိုင်ရာ အကူအညီကို ရရှိကောင်းရရှိမည်။
လိုအပ်ချက်များ : မည်သည့် ဆေးဖက်ဆိုင်ရာအတွေ့အကြုံမျှမလိုအပ်ပါ;သင့်အနေနှင့် PC ( Window 10 သို့ နောက်ပိုင်းထွက်သော အရာများ) တစ်လုံး ၊Mac(OS X 10.11 {သို့ }နောက်ပိုင်း ) {သို့ }Chromebook;အင်္ဂဘိပ်သဒ္ဒါနှင့် ပုဒ်ဖြတ်ပုဒ်ရပ်ကျွမ်းကျင်မူ၊အထက်တန်းကျောင်း ဒီပလိုမာလက်မှတ် လိုအပ်မည် ဖြစ်သည်။
သင်ကြားမူပြီးမြောက်သောအခါ ရရှိနိုင်သော လုပ်ခ လစာ : $ ၃၇,၁၉၀/နှစ် ($၁၇.၈၈/နာရီ)


ဆေးဖက်ရာဘေလ်ထုတ်ပေးခြင်း ၊ကုဒ်ရိုက်ပေးခြင်း
ဆေးဖက်ဆိုင်ရာဘေလ်ထုတ်ပေးသူများနှင့် ကုဒ်ရိုက်ပေးသူများသည် လူနာ၏ အချက်အလက်များဖြစ်သော ဆေးဖက်ဆိုင်ရာ မှတ်တမ်းများနှင့်ဆက်စပ်သောအာမခံများ လုပ်ဆောင်ပေးရန် သင်ယူရမည်။ဤရာထူးတွင် သင်သည်လူနာတစ်ဦး၏ ရောဂါရှာဖွေတွေ့ရှိချက်ကို ကုဒ်ရိုက်ပြီးနောက် ပေးဆောင်ရမည့် ကျသင့်ငွေကို လူနာ၏ အာမခံကုမ္ပဏီမှ တောင်းဆိုပေးရမည် ဖြစ်သည်။ သင်သည် ကျန်းမာရေးစောင့်ရှောက်မူပေးသူများအနေဖြင့် လူနာများအား ၎င်းတို့ လုပ်ဆောင်ပေးလိုက်ရသည့် ကုသမူအတွက် ရရှိမည့်ငွေများကို လျှင်မြန်စွာနှင့် တိကျစွာ ရရှိနိုင်ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရမည် ဖြစ်သည်။
အချိန်စာရင်း : အွန်လိုင်း၊ကိုယ်တိုင်သင်ယူနိုင်သည့်အလျှောက်၊ နာရီပေါင်း ၃၇၀၊၁၂ လအထိ။ ၎င်း၏အဓိပ္ပါယ်မှာ သင်သည် စာသင်ခန်းအတွင်းသွားရောက်တွေ့ဆုံသင်ကြားရန်မလိုအပ်ပါ။ သင့်အနေဖြင့် သင်တန်းအား ပြီးဆုံးသည်ထိ တက်ရောက်ပြီးပါက စာမေးပွဲ ၃ ခုမှာ ၁ ခုကို ကြိုက်ရာဖြေဆိုနိုင်သည်။ Certified Professional Coder,Certified Coding Associate,certified Billing &Coding Specialist.
ကုန်ကျစာရိတ် : $ ၃,၀၀၀-၃,၈၉၀ ၊ ငွေကြေးဆိုင်ရာ အကူအညီကို ရရှိကောင်းရရှိမည်။
လိုအပ်ချက်များ : မည်သည့် ဆေးဖက်ဆိုင်ရာအတွေ့အကြုံမျှမလိုအပ်ပါ;သင့်အနေနှင့် PC ( Window 10 {သို့} နောက်ပိုင်းထွက်သော အရာများ) တစ်လုံး ၊Mac(OS X 10.11 သို့ နောက်ပိုင်း ) သို့ Chromebook;အင်္ဂလိပ်သဒ္ဒါနှင့် ပုဒ်ဖြတ်ပုဒ်ရပ်ကျွမ်းကျင်မူ၊အထက်တန်းကျောင်း ဒီပလိုမာလက်မှတ် လိုအပ်မည် ဖြစ်သည်။
သင်ကြားမူပြီးမြောက်သောအခါ ရရှိနိုင်သော လုပ်ခ လစာ: $ ၃၂,၀၀၀-၄၄,၀၀၀/နှစ်


အရေးပေါ်ဆေးဖက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ (EMT)
EMT တစ်ဦးသည် ဖျားနာသော လူပုဂ္ဂိုလ်(သို့)ဒဏ်ရာရထားသော လူပုဂ္ဂိုလ်တစ်ဦးအား ပထမအဆင့်တုန့်ပြန်မူအခြေအနေများတွင် အစအဦးပိုင်းအခြေအနေတည်ငြိမ်မူရရှိလာစေရန် လုပ်ဆောင်မူပေးခြင်းအတွက် လေ့ကျင့်သင်ကြားခံရသူများဖြစ်သည်။ EMT များသည် သွေးတိတ်အောင် ထိန်းချုပ်ခြင်း၊ ရှော့ရိုက်ကုသခြင်း၊ အရေးကြီးသော လက္ခဏာများကို စောင့်ကြည့်ခြင်း၊ကြားကန်ကိရိယာ ဖြင့် ကျိုးပဲ့သော နေရာများကို ထိန်းပေးခြင်း၊အောက်ဆီဂျင်ကို စီမံပေးခြင်း နှင့် အခြားသော အသက်ကယ်နည်းစနစ်များကို ပြုလုပ်ရန်လေ့ကျင့်သင်ကြားထားပြီးသူများ ဖြစ်သည်။ EMT များသည် ရဲနှင့် မီးသတ်ဌာနရှိ တပ်ဖွဲ့ဝင်များ၊ ဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်အကူများနှင့် အနီးကပ် အလုပ်လုပ်ကြရသည်။
အချိန်စာရင်း: လေ့ကျင့်သင်ကြားခြင်းသည် နာရီပေါင်း ၁၃၀ ကြာမြင့်လေ့ရှိသည်။ အတန်းများကျွန်ုပ်တို့ဒေသရှိ နေရာအမျိုးမျိုးတွင် သင်ကြားပို့ချပေးနိုင်သည်။ အချို့သင်ကြားရေးအစီအစဉ်များတွင် သင့်အနေဖြင့် လေ့ကျင့်သင်ကြားရေးအစီအစဉ်မတက်ရောက်ခင် CPR လက်မှတ်ရှိနှင့်ထားရန် လိုအပ်သည်။ အခြားသော သင်ကြားရေးအစီအစဉ်များတွင်မူ သင့်အနေဖြင့် CPR လက်မှတ်ကို လေ့ကျင့်သင်ကြားရေးလုပ်ဆောင်နေစဥ်အတွင်း ရရှိအောင် ကြိုးစားရန် ခွင့်ပြုပေးထားသည်။ သင့်အနေဖြင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစာမေးပွဲအတွက် နိုင်ငံတော်အသိအမှတ်ပြုခြင်းကို အောင်မြင်ရန်လိုအပ်ပြီး သင့်နာမည်ကို နိုင်ငံ့EMT စာရင်းတွင် စာရင်းသွင်းခံထားရန်လိုအပ်သည်။
ကုန်ကျစာရိတ်: $ ၁,၂၀၀ နှင့်အထက် ၊ ငွေကြေးဆိုင်ရာ အကူအညီကို ရရှိကောင်းရရှိမည်။
လိုအပ်ချက်များ: အထက်တန်းကျောင်း ဒီပလိုမာ သို့ GED နှင့် အသက် ၁၈ နှစ်နှင့် အထက်၊အင်္ဂလိပ်ဘာသာစကားကို အဖတ်၊အရေးနှင့်နားလည်ရန် တို့လိုအပ်သည်။
သင်ကြားမူပြီးမြောက်သောအခါ ရရှိနိုင်သော လုပ်ခ လစာ: $ ၃၃,၇၀၀/နှစ် ($ ၁၆.၂၁/နာရီ

LINEMAN TRAINING
A lineman training program provides instruction and training to students who want to work as Line Technicians in the utility industry. Line Technicians install and repair cables and wires used in electrical power and distribution systems.
SCHEDULE: The training schedule and locations vary. There is not a training location in our immediate area, but there is one that is in Madisonville, KY and another that is in Somerset, KY.
COST: $4,500 - $8,650, financial assistance may be available
REQUIREMENTS: High School Diploma or GED and be 18 years old or older; must be able to read, write and understand English; must be able to pass a DOT Physical and DOT Drug Screen
POTENTIAL SALARY AFTER TRAINING: $37,000 / year ($17.84)

လေးလံသောပစ္စည်းကိရိယာကိုင်တွယ်နည်းသင်တန်း
လေးလံသော ပစ္စည်းကိရိယာကိုင်တွယ်နည်းသင်တန်းများသည် ကျောင်းသားများကို အဆောက်အဦးဆောက်လုပ်ရေး အလုပ်အကိုင်များအခြေခံအဆောက်အအုံစီမံကိန်းများ (လမ်းနှင့်တံတား ) နှင့်မိုင်းဖောက်ခွဲခြင်းလုပ်ငန်း နှင့် ကျွန်းသစ်လုပ်ငန်းများအတွက် ပြင်ဆင်သင်ကြားပေးရန် ဘေးလံသော ပစ္စည်းကိရိယာများကိုင်တွယ်ရသူတစ်ယောက်သည် နေရာရွှေ့ခြင်း လေးလံသော အရာဝတ္ထုများသယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အမှိုက်များကို သယ်ယူပို့ဆောင်ရန် လိုအပ်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သော မည်သည့်စီမံကိန်းမဆိုအတွက် လိုအပ်သော ကျွမ်းကျင်မူများ ပေးအပ်နိုင်မည် ဖြစ်သည်။
အချိန်ဇယား: လေးပတ် ; မနက်၈ နာရီမှ ညနေ ၄ နာရီထိ;လာမည့်နွေရာသီ ၂၀၂၃
ကုန်ကျစရိတ် : ဒေါ်လာ ၃,၇၅၀ , ငွေကြေးဆိုင်ရာ အကူအညီရကောင်းရနိုင်သည်။
လိုအပ်ချက်များ : အထက်တန်းကျောင်း ဒီပလိုမာလက်မှာ သို့မဟုတ် GED ;အင်္ဂလိပ်ဘာသာစကားကို နားလည်၍ ဖတ်နိုင်ရေးနိုင်ရမည်။
သင်ကြားရေးကာလပြီးဆုံးပါက ရရှိနိုင်သော လုပ်အားလခ : ဒေါ်လာ ၃၄,၀၀၀/နှစ်



အချက်အလက်များပိုမိုသိရှိရန်
(၂၇၀)၉၀၁-၄၃၃၇ ကို ခေါ်ဆိုပါ။
ဂျူနီယာ ဝက်ဘ်ဆိုက်ရေးသူတစ်ယောက်အဖြစ် လေ့ကျင့်သင်ကြားခြင်း
ကျွန်ုပ်တို့၏ ၁၆ ပတ်ကြာ အွန်လိုင်းဝက်ဘ်ဆိုက်ရေးခြင်းသင်တန်းကို ကွန်ပျူတာအတွေ့အကြုံအနည်းငယ် သို့မဟုတ် လုံဝမရှိသော လူတစ်ဦးချင်းစီကို နည်းပညာလုပ်ငန်းထဲသို့ ဂျူနီယာဝက်ဘ်ဆိုက်ရေးသူများအဖြစ် ဝင်ရောက်နိုင်ရန် ပြင်ဆင်ပေးခြင်းအတွက် ဖန်တီးထားသည်။
အချိန်ဇယား : ၁၆ ပတ်ကြာ၊တနင်္လာမှ သောကြာအထိ၊မနက် ၈:၃၀ မှ ညနေ ၃ နာရီထိ CST အတန်းများကို အခြားအတန်းဖော်များနှင့် အဝေးမှတိုက်ရိုက်သင်ကြားပေးသူတစ်ယောက်နှင့် အွန်လိုင်းပေါ်မှာ သင်ကြားရမည် ဖြစ်သည်။ အတန်းချိနိအတွင်း လပ်တော့တစ်လုံး စီစဉ်ပေးမည် ဖြစ်သည်။ အတန်းချိန်များကို နွေဦးနှင့် ဆောင်းဦးတို့တွင် ဖွင့်လှစ်ထားသည်။ တက်ရောက်ရန် စာရင်းပေးသွင်းမူများကို ဦးသူလာစနစ်ဖြင့် လက်ခံပေးလျက်ရှိသည်။ နေရာအကန့်အသတ်ရှိသည်။
ကုန်ကျစရိတ် : ဒေါ်လာ ၄,၈၀၀, ငွေကြေးဆိုင်ရာ အကူအညီရကောင်းရနိုင်သည်။
လိုအပ်ချက်များ : ၁၈ နှစ်ပြည့်ရမည်။အတန်းများအားလုံးကို တက်ရောက်ရန် ဆန္ဒရှိရမည်။ အင်္ဂလိပ်ဘာသာစကားကို အဖတ်၊အရေးနှင့် အပြော ရရမည်။
သင်ကြားရေးကာလပြီးဆုံးပါက ရရှိနိုင်သော လုပ်အားလခ : ကွဲပြားနိုင်သည်။

သင်၏ CDL ကို လေးပတ်မျှသောကာလအတွင်း လေ့ကျင့်သင်ယူခြင်း
ကျွန်ုပ်တို့၏ စီးပွားဖြစ်ယာဥ်မောင်းလိုင်စင် (CDL) သင်တန်းသည် စီးပွါဖြစ်ယာဉ်မောင်း အတွေ့အကြုံ အနည်းငယ် သို့မဟုတ် လုံးဝ မရှိသော လူတစ်ဦးချင်းစီကို ထရပ်ကားမောင်းသည့် လုပ်ငန်းတွင် အခြေခံအဆင့်ရာထူးအတွက် ပြင်ဆင်ပေးရန် စနစ်တကျ ဖန်တီးထား ခြင်း ဖြစ်သည်။
အချိန်ဇယား: အတန်းများကို လေးပတ်ကြာ၊ တနင်္လာမှ ကြသပတေး၊ မနက် ၇ နာရီမှ ညနေ ၅ နာရီကြာ သင်ကြားပေးကာ ထူးထူးခြားခြား ကြေညာချက်တစုံတရာရှိသည် မှလွှဲ၍ လတစ်လချင်းစီ ၏ပထမဆုံးသော တနင်္လာနေ့တွင် အစပြုသည်။ အတန်းများကို Franklin,KY ထွက်ပေါက် ၆ နား ကြားနယ်မြေ ၆၅ ပေါ်တွင် ဖွင့်လှစ်ထားသည်။ တက်ရောက်ရန် စာရင်းပေးသွင်းမူများကို ဦးသူလာစနစ်ဖြင့် လက်ခံပေးလျက်ရှိသည်။ နေရာအကန့်အသတ်ရှိသည်။
ကုန်ကျစရိတ်: ဒေါ်လာ ၄,၂၀၀ , ငွေကြေးဆိုင်ရာ အကူအညီရကောင်းရနိုင်သည်။
လိုအပ်ချက်များ : ၁၈ နှစ်ပြည့်ကာ ဆေးစစ်ချက်အောင်မြင်ရမည်။ ယာဥ်မောင်းလိုင်စင်တစ်ခုရှိရမည်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ ပြည့်မှီရမည်။ အမြဲတမ်းနေထိုင်သူတစ်ဦး သို့မဟုတ် ယူအက်စ်နိုင်ငံသား ဖြစ်ရမည်။ အင်္ဂလိပ်ဘာသာစကားကို ဖတ်တတ်၊ရေးတတ်၍ ပြောဆိုနိုင်ရမည်။
သင်ကြားရေးကာလပြီးဆုံးပါက ရရှိနိုင်သော လုပ်အားလခ : ဒေါ်လာ ၅၀,၀၀၀ - ၆၅,၀၀၀/နှစ်


အခကြေးငွေပေးရသည့် အလုပ်အတွေ့အကြုံများ
ကောလိပ်ဒီဂရီများပိုင်ဆိုင်ခြင်း သို့မဟုတ် သင်တန်းဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများသ ည် အလုပ်ခန့်အပ်ခံရနိုင်ခြင်းကို အထောက်အကူပြုလျှက်ရှိနေချိန်တွင် ကျယ်ပြန့်သောအလုပ်အမျိုးအစားပေါင်းများစွာအတွက် တံခါးများကို ပွင့်စေသကဲ့သို့ အဓိပ္ပာယ်ပြည့်ဝသော အသက်မွေးလုပ်ငန်းတစ်ခုထဲသို့ ဝင်ရောက်နိုင်ရန် အခြားသောနည်းလမ်းများလည်း ရှိသည်။ အလုပ်အတွေ့အကြုံသည် စွမ်းရည်များတည်ဆောက်ရန် ဆုံးဖြတ်ချက်ခိုင်မာစွာ ချထားသော လူတစ်ဦးချင်းစီကို သက်မွေးဆိုင်ရာ အဆက်အသွယ်များဖြင့် အလုပ်အကိုင်နှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများအတွက် ယှဉ်ပြိုင်နိုင်ရန်ကူညီပေးသည်။
အလုပ်သင်ခြင်းများ
အလုပ်သင်ခြင်းတစ်ခုဆိုသည်မှာ သက်မွေးအလုပ်အကိုင်နယ်ပယ်တစ်ခုတွင်လိုအပ်သော လေ့ကျင့်သင်ကြားမူရရှိစေသည့် ကာလတိုအလုပ်အကိုင်တစ်ခုဖြစ်သည်။ အလုပ်သင်ဖြစ်ခြင်း မျာအတွက် အရည်အချင်းပြည့်မှီနိုင်မည့် အလုပ်အကိုင်ရှာဖွေသူများကို နေရာချပေးနိုင်သ ော အစီအစဉ်တစ်ခုအကြောင်း ပိုမိုလေ့လာလိုပါက နံပတ် ၁ ကို နှိပ်ပါ။
Kentucky အလုပ်အကိုင် များ
Kentucky အလုပ်အကိုင် ပရိုဂရမ် ကို K-TAP ၏အကျိုးခံစားခွင့်များ လက်ခံရရှိသောသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ဖွင့်လှစ်ပေးထားသည်။ ထိုအစီအစဉ်တွင် လေ့ကျင့်သင်ကြားခြင်းနှင့် အထောက်အပံ့များအပြင် အလုပ်အကိုင်ရှာဖွေရေး အကူအညီများကို လည်းစီစဉ်ပေးထားသည်။ ဤအစီအစဉ်အကြောင်းပိုမိုလေ့လာလိုပါက နံပတ် ၂ ကို နှိပ်ပါ။