လုပ်ငန်းခွင်ရေးရာ နည်းပြအဖွဲ့အစည်းများ
ခြုံငုံသုံးသပ်ချက်
လုပ်ငန်းခွင်ရေးရာ နည်းပြအဖွဲ့အစည်း များသည် လုပ်ငန်ခွင် ရေးရာ နည်းပြခြင်းအတွက် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ၏ သူမတူသောလိုအပ်ချက်များနှင့် ကျွမ်းကျင်မူများ ကို နားလည်နိုင်ရန် လေ့ကျင့်ထားသော ကျွမ်းကျင် ဝန်ထမ်းများ ကို ခန့်အပ်ထားပါသည်။ ၎င်းတို့သည် အနာဂတ် အစီအစဉ်မျာ ဆွဲခြင်း၊ ရှေ့ဆက်လှမ်းသင့်သည့် ခြေလှမ်းများအား အကြံညဏ်ပေးခြင်း၊ လူများအား ရရှိနိုင်သောအလုပ်အကိုင်များ အကြောင်းနားလည်လာအောင် ကူညီပေးခြင်းနှင့် အလုပ်လျှောက်ရာတွင် ကူညီပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။
တစ်ချို့ သော အစီအစဉ်များ သည် လူငယ်လူရွှယ်များအတွက် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး တစ်ချို့သော အစီအစဉ်များမှာမူ အရွှယ်ရောက်ပြီး သူများဖြစ်သော 18 နှစ်နှင့်အထက် များအတွက်သာအထောက်အကူဖြစ်မည်ဖြစ်သည်။ ဤလမ်းညွှန် ချက်တွင် ထည့်သွင်းထားသော အဖွဲ့အစည်း များအားလုံးသည် ဒုက္ခသည်များ နှင့် ပြောင်းရွှေ့ နေထိုင်သူများအတွက် ဝန်ဆောင်မူများ ပေးမည်ဖြစ်သည်။ ဤ အဖွဲ့အစည်များနှင့် တွေ့ဆုံသောအခါ စကားပြန် တောင်းဆိုခြင်းသည် သင်၏ရပိုင်ခွင့်ဖြစ်ကာ ၎င်းအဖွဲ့အစည်မှ တာဝန်ရှိသူများမှ လိုအပ်ပါက စကားပြန် တစ်ဦးအား လူကိုယ်တိုင် လာရောက်စေခြင်း အားဖြင့်သော်လည်ကောင်း၊ တယ်လီဖုန်း မှတစ်ဆင့်သော်လည်ကောင်း၊ စီစဉ်ပေးမည်ဖြစ်ပါသည်။
ဤအဖွဲ့အစည်းမျာသည် ဤဝန်ဆောင်မူကို အခမဲ့ စီစဉ်ပေးခြင်းဖြစ်သည်။ သို့သော်ငြားလည်း သင့်ဖတ်မှ ဆက်သွယ် ကာ စာရင်းသွင်းထား၍ ထိုအစီအစဉ်၏ အမူသည်ဖြစ်ရန် တောင်းဆိုရန် မှာအရေးကြီးသည်။ထိုသို့ ပြုလုပ်ရန် သင့်ဖက်မှ ကြိုတင်ချိန်းဆိုမူ တစ်ခု ပြုလုပ်ရန် လိုအပ်လိမ့်မည်။တစ်ချို့ သောအချိန်များတွင် ဤအဖွဲ့စည်းများသည် တခြားသော အမူသည်များကို ဝန်ဆောင်မူပေးရင်း အလုပ်အလွန်ရူပ်နေတတ်ကြသည်။ ထို့ကြောင့် သင်လာမည်ကို ၎င်းတို့မှ မသိရှိပါက ကျွမ်းကျင်ဝန်ထမ်း အဖွဲ့ဝင်တစ်ဦးတစ်ယောက်နဲ့ ဆုံတွေ့ ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပါ။ အကယ်၍ သင်ရောက်ရှိသွားကာ သင်လာမည်ဟု ၎င်းတို့အားကြိုတင် အကြောင်းမကြားမိခဲ့ပါက ၎င်းတို့မှ သင့်အား ပြန်လည်ခေါ်ယူခြင်း သို့မဟုတ် နောက်တစ်ချိန်မှ ပြန်လာရန်တောင်းဆိုလိမ့်မည်။
အဖွဲ့အစည်းတစ်ခုချင်းစီမှ ပေးနိုင်သော ဝန်ဆောင်မူများကို အနည်းငယ်ပိုမိုနားလည် နိုင်ရန် အဖွဲ့အစည်းတစ်ခုချင်း စီအား ကလစ်နိုပ် ကြည့်ရန် သင့်အားကျွန်ုပ်တို့ဘက်မှ တိုက်တွန်းလိုပါသည်။ သင့်အတွက် သင်စိတ်ဝင်စားသော အဖွဲ့အစည်းကို ဆက်သွယ်နိုင်ရန် နည်းလမ်းတစ်ခု ရှိနေလိမ့်မည်။
အဖွဲ့အစည်းတစ်ခုစီအကြောင်း ပိုမိုလေ့လာရန် နံပါတ်တစ်ခုကို ရွေးပါ
၁,၂, ၃ အစီအစဉ်များသည် Allen, Barren, Butler, Edmonson, Hart, Logan, Metcalfe, Monroe, Simpson and Warren counties တွင်
နေထိုင်သူများအတွက် ဝန်ဆောင်မှုများပေးသည်
၃,၄ အစီအစဉ်များသည် Warren Countyတွင် နေထိုင်သူများအတွက်သာ ဝန်ဆောင်မှုများပေးသည်
၄ အစီအစဉ်သည် ၎င်းကို Goodwill စတိုးဆိုင်တည်နေရာသို့ ပို့ဆောင်ပေးနိုင်သူများကို ဝန်ဆောင်မှုများပေးသည်



၇ အစီအစဉ်သည် Allen, Barren, Butler, Edmonson, Hart, Logan, Metcalfe, Monroe, Simpson or Warren Counties တွင် နေထိုင်သော မသန်စွမ်းသူများတွက် ၀န်ဆောင်မူများပေးသည်


၆


ကျွန်ုပ်တို့အနေဖြင့် သင့်အားနောက်တဆင့်သို့ တက်နိုင်ရန် ကူညီပါရစေ။
ကြိုတင်ချိန်းဆိုရန် မလိုအပ်ပါ။
-
အလုပ်အကိုင်တစ်ခု ရှာဖွေပါ
-
အလုပ်လျှောက်လွှာပြင်ဆင်ခြင်းနှင့် အင်တာဗျုးများအတွက် အစမ်းလေ့ကျင့်ပေးခြင်း
-
သင်တန်းပေးခြင်းနှင့် ပို့ချခြင်း အကူအညီများ။
-
အလုပ်ခန့်ခြင်း & Workshops
ဤအလုပ်သည် သင်၏ပထမဆုံးအလုပ်၊ နောက်အလုပ် သို့မဟုတ် သက်မွေးအလုပ်အကိုင်သစ် လုံးလုံးဖြစ်နေစေကာမူ ကျွန်ုပ်တို့၏ သက်မွေးအလုပ်အကိုင်ဆိုင်ရာ အကြံပေးဆွေးနွေးသူများသည် သင့်အား သင်၏အောင်မြင်မူသို့သွားရာလမ်းကြောင်းကို ဆုံးဖြတ်နိုင်အောင် ကူညီပေးရန် အသင့်ရှိနေသည်။
အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကြောင်းအမျိုးမျိုးအတွက် တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၈း၀၀ မှ ညနေ ၄း၃၀ နာရီအထိ အလုပ်ရှာဖွေသူများအား ကျွန်ုပ်တို့ထံလာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါသည်

Kentucky Career Center
803 Chestnut Street
Bowling Green, KY 42101
270-745-7425



SNAPအလုပ်ခန့်အပ်ခြင်းနှင့်လေ့ကျင့်သင်ကြားပေးခြင်း
SNAP ဟူသည်မှာ ယခင်က စားနပ်ရိက္ခာတံဆိပ်ခေါင်းများဟု လူသိများသော အဟာရရေးရာအကူအညီပေးသောအစိိအစဉ်တစ်ခုဖြစ်သည်။ SNAP ကိုလက်ခံရရှိထားသော အသက် ၁၆ မှ ၆၀ ပြည့်ပြီးသူအားလုံး ပါဝင်ရန် အကျုံးဝင်သည်။အောက်ပါအချက်များသည် သင်နှင့်ကိုက်ညီနေပါက SNAP E&T သည် သင့်အတွက်လည်း ဖြစ်နိုင်ပေသည်။
-
အကယ်၍သင်သည် SNAP အလုပ်အကိုင်အတွက်လိုအပ်ချက် တစ်ခုကို ပြည့်မီရန် အကူအညီလိုအပ်ပါက
-
အကယ်၍ သင်သည် သင်၏GED ကို ရယူလိုပါက ( သို့ ) ကောလိပ်သင်တန်းများကို တက်ရောက်လိုပါက
-
အကယ်၍ သင်သည် လုပ်ငန်းနယ်ပယ်တစ်ခုတွင် လေ့ကျင့်သင်ကြားခြင်း လိုအပ်ပါက (သို့) ဂဟေဆော်ခြင်း သို့မဟုတ် ရေပိုက်ပြင်ခြင်းကဲ့သို့သော လုပ်ငန်းများကို လုပ်ကိုင်လိုပါက
-
အကယ်၍ သင်သည် ငွေကြေးစီမံခြင်းနှင့် ငွေကြေးဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းသင်တန်းများ ရယူလိုပါက
-
အကယ်၍သင်သည် သင်၏အတိတ်တွင်ရှိသော အတားအဆိိးများကြောင့် အလုပ်အကိုင်တစ်ခု ရှာဖွေရန် အခက်တွေ့နေပါက
-
အကယ်၍ သင်သည် အလုပ်အကိုင်တစ်ခုကို ရှာဖွေချင်သော်လည်း ဘယ်နေရာက စလုပ်ရမှန်းမသိ ဖြစ်နေပါက
-
အကယ်၍ သင်သည် သင့်လက်ရှိအလုပ်အကိုင် သို့ အသက်မွေးလုပ်ငန်းနှင့်ပတ်သက်ပြီး အကြံဉာဏ်ရယူလိုပါက
SNAP Employment and Training
Cabinet for Health and Family Services
356 Suwannee Trail St, Bowling Green
Warren, Allen, Butler, Edmonson, Hart, and Simpson counties call: 270-746-7447 extension 3174
Barren, Metcalfe and Monroe counties call: 270-407-0587
Senior Community Service Employment Program
2530 Scottsville Rd, Suite 1, Bowling Green
270-686-1607
သက်ကြီးရွှယ်အို အသိုင်းအဝိုင်း များအတွက် အလုပ်ခန့်အပ်ခြင်း ဝန်ဆောင်မူပေးသော အစီအစဉ် ( SCSEP )
ဤအစိီအစဉ်သည် အသက် ၅၅ နှစ်နှင့် အထက်၊ အလုပ်လက်မဲ့ဖြစ်နေသောသူများအတွက် ရည်ရွှယ်သော လေ့ကျင့်သင်ကြားပေးခြင်းနှင့် အလုပ်ခန့်အပ်ခြင်း အစီအစဉ်ဖြစ်သည်။ ဤ Audubon အစီအစဉ်သည် Bulter,Edmonson,Hart နဲ့ Warren countyများတွင် လုပ်ငန်းလှည်ပတ်လျှက်ရှိသည်။ လာရောက်ပါဝင်သူများကို ဒေသတွင်းရှိ အကျိုးအမြတ်မယူသော/NGO များ၌ ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်းတစ်ခုတွင် တပတ်လျှင် နာရိီပေါင်း ၂၀ မျှ အလုပ် လုပ်ကိုင်ရန် နေရာချထားပေးမည် ဖြစ်သည်။

1806 US 31W Bypass
Bowling Green, KY 42101
270-781-4930
အခမဲ့၊ ပုဂ္ဂိုလ်ရေးသီးသန့် ပံ့ပိုးမှု
သင် ရဲ့ Goodwill Opportunity စင်တာ သင့်အလုပ်ပန်းတိုင်များရောက်ရှိရန် အကောင်းဆုံးအရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ရန် သင်နှင့်အတူ လုပ်ဆောင်ပါ. ကျွန်ပ်တို့ သင့်ကို ကူညီအောင်သော အရာမှာ:
-
ရရှိနိုင်သောအလုပ်များကိုရှာဖွေပါ
-
အင်တာဗျူးများအတွက်ပြင်ဆင်ပါ
-
အသက်မွေးဝမ်းကြောင်းလမ်းကြောင်းများကို စူးစမ်းပ
-
အလုပ်လျှောက်လွှာဖြည့်ပါ
-
အသက်မွေးဝမ်းကျောင်း နည်းပြတစ်ဦးနှင့် တွေ့ဆုံပါ
-
လေ့ကျင့်ရေးအစီအစဉ်တွင် စာရင်းသွင်းပါ
-
လက်မှတ်များ/အထောက်အထားများ ရယူပါ
-
ရပ်ရွာပံ့ပိုးကူညီမှုသို့ ချိတ်ဆက်ပါ
-
ငွေကြေးအကူအညီရယူပါ
-
သင်၏ကိုယ်ရေးအကျဉ်းအတွက် အကူအညီရယူပါ

အပိုပရိုဂရမ်များ ရရှိနိုင်
RISE
RISE သည်ပုဂ္ဂိုလ်ရေးရာနှင့်အသက်မွေးဝမ်းကျောင်းရေးရာ ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုဖြစ်ကာ ကောင်းမွန်သော အလုပ်အကိုင်ရရှိရန် အတားအဆီးများစွာ ကြုံတွေ့နေရသော လူပုဂ္ဂိုလ်များကို ပံ့ပိုးကူညီရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ RISE သည် နှစ်ပတ်တာ ကြာမြင့်မည် ဖြစ်သည်။ တနလ်ာနေ့မှသောကြာနေ့အတွင်း မနက် ၉ နာရီမှ ညနေ ၂ နာရီခွဲအထိ တွေ့ဆုံရမည်ဖြစ်သည်။ အချက်အလက်များကိုပိုမိုသိရှိလိုပါက အသက်မွေးအလုပ်အကိုင် ရေးရာ နည်းပြတစ်ဦးနှင့် စကားပြောပါ။
GOODSTART
GoodStarts သင်တန်းများကို ကျွန်ုပ်တို့၏ အခွင့်အလမ်းစင်တာတွင် အပတ်တိုင်း လာရောက်တက်ရောက်နိုင်ကာ သင်တန်းတစ်ခုချင်းစီသည် ၁-၁.၅ နာရီကြာမြင့်မည် ဖြစ်သည်။ လာရောက်တက်ရောက်သူများသည် ကျင့်ဝတ်များအကြောင်း ၊ဝယ်သူကိုဝန်ဆောင်မူပေးခြင်း၊စိတ်ဖိစီးမူများနှင့်ဒေါသကို စီမံခန့်ခွဲခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ လှုံ့ဆော်ခြင်း၊ ဖွဲ့စည်းဆိုင်ရာ ကျွမ်းကျင်မူများ နှင့် မိမိကိုယ်မိမိ ကိုယ်စားပြုနိုင်ခြင်း စသည့်အကြောင်းအရာများကို သင်ယူရမည် ဖြစ်သည်။အချက်အလက်များကိုပိုမိုသိရှိလိုပါက အသက်မွေးအလုပ်အကိုင် ရေးရာ နည်းပြတစ်ဦးထံ ဆက်သွယ်မေးမြန်းနိုင်သည်။
SSA 101
အနုစိတ်ကျွမ်းကျင်မူဆိုင်ရာ ပညာရေး 101 အတန်းများကို အပတ်စဉ် အဂ်ါ နှင့် ကြသပတေးနေ့တို့တွင် သင်ကြားပေးလျက်ရှိကာ အချိန်အားဖြင့် မနက် ၈ နာရီမှ ညနေ ၄ နာရီ (8 am- 4 pm )ထိ ဖြစ်ပါသည်။
ခေါင်းစဥ်များအနေဖြင့် စိတ်နေသလောထား လုံခြုံမူ၊ ယုံကြည်စိတ်ချရမူ၊ ပြောဆိုဆက်ဆံရေး ပဋိပက္ခဖြေရှင်းခြင်းနှင့် မိမိကိုယ်ကို တင်ပြနိုင်ခြင်းတို့ကို သင်ကြားပေးပါသည်။ အချက်အလက်များကိုပိုမိုသိရှိလိုပါက အသက်မွေးအလုပ်အကိုင်ရေးရာ နည်းပြတစ်ဦးထံ ဆက်သွယ်မေးမြန်းနိုင်သည်။

-
အလုပ်အကိုင်နေရာချထားခြင်းကူညီပေးရေး နှင့် အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်ခြင်းသင်တန်း
-
အလုပ်လျှောက်လွှာပြင်ဆင်ခြင်းနှင့် အင်တာဗျုးများအတွက် အစမ်းလေ့ကျင့်ပေးခြင်း
-
သင်တန်းနှင့်ပိုချပေးခြင်း အကူအညီများ
-
ကျွမ်းကျင်မူအတွက် သင်တန်းနှင့် လုပ်ငန်းတွင်း သင်တန်း
-
သယ်ယူပို့ဆောင်ရေး
-
စကားပြန်/
-
လွှဲပြောင်းခြင်း ဝန်ဆောင်မူများ
-
အလုပ်အကိုင်အတွက်နည်းပြခြင်း သို့မဟုတ် သင်ကြားပေးခြင်း
-
စက်ပစ္စည်းများနှင့် နည်းပညာရေးရာအတွက် အထောက်အကူဖြစ်စေသော ဝန်ဆောင်မူများ

Bowling Green Office
955 Fairview Avenue
Bowling Green, KY 42101
270-745-7489
Glasgow Office
445 N. Green St
Glasgow, KY 42141
270-651-5147
အသက်မွေးအလုပ်အကိုင်ဆိုင်ရာ နေရာပြန်လည်ချထယးပေးခြင်း (VR)အစီ အစဉ်သည် ကိုယ်ခန္ဓာချို့တဲ့သောသူများအား ပြိုင်ဆိုင်မူပြင်းထန်သော အလုပ်ခန့်အပ်ရေးတွင် ဝင်ရောက်နိုင်ရန် နှင့် တိုးတက်လာရန်အတွက် ပြင်ဆင်ပေးပါသည်။

Community Action
200 East 4th Avenue
Bowling Green, KY 42101
Heath Ray
270-783-4484 extension 1017





