top of page

အင်္ဂလိပ်စာလေ့လာ သင်ကြားခြင်း

အသံ

အင်္ဂလိပ် ဘာသာစကားအတန်းများကို စီစဉ်ပေးသော အဖွဲ့အစည်းများသည် (  ESL သို့မဟုတ် ENGLISH as a second language ဟုရည်ညွန်းသည်။ )လုပ်ခစားသင်ကြားရေးနည်းပြများ သို့မဟုတ် စေတနာ့ဝန်ထမ်းများကို ခန့်အပ်ထားသည်။ အဖွဲ့အစည်းအားလုံးသည် ကျောင်းသူ/သား များအတွက် အတန်းများကို အခမဲ့ စီစဉ်ပေးထားသည်။ တချို့သော အဖွဲ့အစည်းများသည် သင်တန်းတည်နေရာ နှင့် ကလေးစောင့်ရှောက်ရေး နေရာများသို့ ကြိုပို့ကားများ စီစဉ်ပေးထားနိုင်သည်။ အင်္ဂလိပ်ဘာသာစကားအတန်းတစ်ခုတွင် စာရင်းပေးသွင်းထားသော ကျောင်းသူ/သား များ အနေဖြင့် အတန်းပုံမှန်တက်ရန်နှင့် အတန်းပြင်ပတွင် လည်း အင်္ဂလိပ်ဘာသာစကားကို လေ့ကျင့်မည်ဟု စိတ်ပိုင်းဖြတ်ထားရန် အရေးကြီးသည်။ ဤလမ်းညွန်ချက်တွင် ပါဝင်သော အဖွဲ့အစည်း တစ်ခုချင်းစီတိုင်းသည် အခြားသော လိုအပ်ချက်များနှင့် လမ်းညွန်ချက်တွင် ထည့်သွင်းထားသော ဝန်ဆောင်မူများဖြစ်သည့် အလုပ်နှင့်ပတ်သက်၍ကူညီခြင်း နှင့် သမရိုးကျအလုပ်အကိုင် သင်တန်းအစီအစဉ်များတွင် စာရင်းပေးသွင်းခြင်းတို့မှ အစ ကူညီပေးနိုင်သည်။

​

   အချို့သော အစီအစဉ်များသည် လူငယ်လူရွယ်များကို ဝန်ဆောင်မူပေးရန်ဖြစ်၍ အခြားသော အစီအစဉ်များမှာမူ၊ ၁၈ နှစ်နဲ့အထက်၊ အရွယ်ရောက်ပြီးသူများအတွက်သာ ဝန်ဆောင်မူပေးရန်ဖြစ်သည်။ ဤလမ်းညွန်ချက်တွင် စာရေးသွင်းထားသော အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းသည် ဒုက္ခသည် များနှင့် ပြောင်းရွေ့ နေထိုင်သူများကို ဝန်ဆောင်မူပေးရန်ဖြစ်ကြသည်။

 

       ဤအစီအစဉ်များထဲမှ တစ်ခု၏ ကျောင်းသူ/သား တစ်ဦး ဖြစ်ရန်ကြိုတင်၍စာရင်းပေးသွင့်ထားရန်မှာ အရေးကြီးသည်။ ထိုသို့  ပြုလုပ်ရန် သင့်ဖက်မှ ကြိုတင်ချိန်းဆိုမူ တခု ပြုလုပ်ရန် လိုအပ်လိမ့်မည်။တစ်ချို့ သောအချိန်များတွင် ဤအဖွဲ့စည်းများသည် တခြားသော အမူသည်များကို ဝန်ဆောင်မူပေးရင်း အလုပ်အလွန်ရူပ်နေတတ်ကြသည်။ ထို့ကြောင့် သင်လာမည်ကို ၎င်းတို့မှ မသိရှိပါက ကျွမ်းကျင်ဝန်ထမ်း အဖွဲ့ဝင်တစ်ဦးတစ်ယောက်နဲ့ ဆုံတွေ့ ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပါ။ အကယ်၍ သင်ရောက်ရှိသွားကာ သင်လာမည်ဟု ၎င်းတို့အားကြိုတင် အကြောင်းမကြားမိခဲ့ပါ ၎င်းတို့မှ သင့်အား ပြန်လည်ခေါ်ယူခြင်း သို့မဟုတ် နောက်တစ်ချိန်မှ ပြန်လာရန်တောင်းဆိုလိမ့်မည်။

​

   အဖွဲ့အစည်းတစ်ခုချင်းစီမှ ပေးနိုင်သော ဝန်ဆောင်မူများကို အနည်းငယ်ပိုမိုနားလည်လာ နိုင်ရန် အဖွဲ့အစည်းတစ်ခုချင်းစီအား ကလစ်နှိပ်ကြည့်ရန် သင့်အားကျွန်ုပ်တို့ဘက်မှ တိုက်တွန်းလိုပါသည်။ သင့်အတွက် သင်စိတ်ဝင်စားသော အဖွဲ့အစည်းကို ဆက်သွယ်နိုင်ရန် နည်းလမ်းတစ်ခု ရှိနေလိမ့်မည်။ 

အသံ

၁

KYAE Logo
  • အင်္ဂလိပ်ဘာသာစကား အဆင့်များအားလုံးကို မနက်ပိုင်နှင့် ညနေပိုင်း အချိန်နာရီများတွင် သင်ကြားပေးလျက်ရှိသည်။

  • နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ခြင်းအတန်းများကို US နိုင်ငံသားဖြစ်ခွင့် စာမေးပွဲအတွက် အထောက်အကူဖြစ်စေရန် သင်ကြားပေးလျှက်ရှိသည်။

  • ကွန်ပျူတာများနှင့် ပရိုဂရမ်များအသုံးပြုပုံကို သင်ကြားရန် အကူအညီရယူပါ။

၂

image.png
  • အဖတ်၊အရေး၊အပြောနှင့် အကြား စွမ်းရည်ကို တိုးတက်လာအောင်လုပ်ပါ။ 

  • ကလေးများနှင့် ၎င်းတို့အား အတန်းမှ အသွားအပြန် သယ်ယူပို့ဆောင်ရေး၊ ကလေးစောင့်ရှောက်ခြင်း ။

  • အတန်းများကို Bowling Green နှင့် အနီးတဝိုက်တည် နေရာ ပေါင်း များစွာ တွင် ပို့ချပေးလျက်ရှိသည်။

၃

Simpson County Literacy Center Logo
  • အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မသုံးသောသူများအတွက် ESL ။

  • ပုဂ္ဂိုလ်ရေးရာ အကူအညီနှင့် ပို့ချမူကို ရယူပါ။

  • နိုင်ငံသားဖြစ်ခွင့်အတွက် ပြင်ဆင်ခြင်းအတန်းများ

  • ကွန်ပျူတာများနှင့် ပရိုဂရမ်များအသုံးပြုပုံကို သင်ကြားရန် အကူအညီရယူပါ။

PNG image.png
အသံ
Screenshot 2026-09-25 085232.png

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အင်္ဂလိပ်ဘာသာ စကားအတန်းများတွင် လက်တွေ့လုပ်ဆောင်ချက်များနှင့် လေ့ကျင့်ခြင်းကို ပေါင်းစပ်ထားသော ဆရာ၊ဆရာမများ၏ ညွန်ကြားချက်များကို အသုံးပြုသည်။ 

​

အတန်းတွင်း တွေ့ဆုံခြင်း တစ်ခုချင်းစီတိုင်းတွင် ကျွန်တော်တို့သည် အဖတ်၊အရေး၊အပြောနှင့် အကြားများကို အထူးဂရုစိုက်ပြီး ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကားကို သင်ယူရာတွင် နားလည်ရန်လွယ်သော ချဉ်းကပ်နည်းများကို အသုံးပြုသည်။

​

ကျွန်ုပ်တို့၏ ဝန်ဆောင်မူများ

​

●      အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့် သင်ယူသူများအတွက် အတန်းများ။

●      မနက်ပိုင်းနှင့် ညနေပိုင်း ရွှေးချယ်စရာများ ။

●      တည်နေရာများစွာတွင် ရှိနေခြင်း။

●      အတန်းတက်ရောက်သူကလေးငယ်များအတွက် ကလေးစောသ့်ရှောက်ရေး။

●      အတန်းများသို့ အသွားအပြန် သယ်ယူပို့ဆောင်ရေး။

Refuge Bowling Green

2413 Nashville Road C16

Bowling Green, KY  42101

(270) 418-2648

www.refugebg.com

People looking at camera at refuge
bottom of page