
အသိုင်းအဝိုင်းဆိုင်ရာ အရင်းအမြစ်များ
သင့်အနေဖြင့် အလုပ်ခန့်အပ်ခြင်းနှင့် ပညာရေးအပြင် အခြားသောအရာများအပြင် အခြားသောဘာအကူအညီအမျိုးအစားများကိုလိုအပ်ပါသလား။ကျွန်ုပ်တို့အကြံပြုထားသော အရင်းအမြစ်များအကြောင်းသိရှိလိုပါက နံပတ် ၁ ကိုနှိပ်ပါ။
စီးပွါးရေးလုပ်ငန်းတစ်ခု အစပြူရန် /စီးပွါးရေးလုပ်ကိုင်ခွင့်လိုင်စင်
သင့်အနေဖြင့် စီးပွားရေးတစ်ခုအစပြုရန် (သို့) စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ခြင်းအတွက် တရားဝင် ထောက်ခံချက်နှင့် လုပ်ကိုင်ခွင့်လိုင်စင် များကို မည်သို့ရရှိနိုင်ကြောင်း သတင်းအချက်အလက်များနှင့် အကူအညီများ လိုအပ်ပါသလား။ပိုမိုသိရှိလိုပါက နံပတ် ၂ ကိုနှိပ်ပါ။
SCK ဖွင့်လှစ်ခြင်း/သက်မွေးအလုပ်အကိုင်လမ်းကြောင်းများ
လူငယ်များနှင့် ဆယ်ကျော်သက်များအတွက် စီမံပြုလုပ်ထားခြင်းဖြစ်ကာ SCK ဖွင့်လှစ်ခြင်း ဝဘ်ဆိုက်တွင် သက်မွေးအလုပ်အကိုင်လမ်းကြောင်းများနှင့် ရရှိနိုင်သော အလုပ်များနှင့် လမ်းကြောင်းတစ်ခုချင်းစီတွင် ရရှိနိုင်သော လုပ်ခလစာများအကြောင်း သတင်းအချက်အလက်များ ရေးသားထားသည်။ ပိုမိုသိရှိလိုပါက နံပတ် ၃ ကို နှိပ်ပါ။
ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ အကြံပေးခြင်း
သင့်အန ေဖြင့် ဂရင်းကဒ်၊နိုင်ငံသား ဖြစ်ခွင့်၊DACA သို့မဟုတ် EAD များအတွက် စာရွက်စာတမ်းများတွင် လျှောက်လွှာများ ပြီးစီးအောင် ပြုလုပ်ခြင်းနှင့်ဆိုင်၍ အကူအညီလိုအပ်ပါသလား။ သတင်းအချက်အလက်များပိုမိုသိရှိလိုပါက နံပတ် ၅ ကိုနှိပ်ပါ။

၂-၁-၁ သည် သင့်အနေဖြင့် ဖုန်းဖြင့်အသုံးပြုနိုင်သော လွတ်လပ်၍ ယုံကြည်ရသော ၂၄/၇ နာရီ သ တင်းအချက်အလက်ဆိုင်ရာ လွှဲပြောင်းခြင်းဝန်ဆောင်မူတစ်ခုဖြစ်သည်။ ဤအရာသည် စိန်ခေါ်မူများသော အချိန်နှင့် ရင်ဆိုင်နေရသော သူများကို ဒေသအတွင်း အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ကူညီပေးလျက်ရှိသည်။ သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ၂ ကိုနှိပ်ပါ။

သင့်အနေဖြင့် အလုပ်ခန့်အပ်ခြင်းနှင့် ပညာရေးအပြင် အခြားသောအရာများအပြင် အခြားသောဘာအကူအညီအမျိုးအစားများကိုလိုအပ်ပါသလား။ကျွန်ုပ်တို့အကြံပြုထားသော အရင်းအမြစ်များအကြောင်းသိရှိလိုပါက နံပတ် ၁ ကိုနှိပ်ပါ။

နေထိုင်သူအရင်းအမြစ်လမ်းညွှန်အသစ်
Southern Kentucky ၏ Community Action နှင့် Go BG Transit တို့သည် အကန့်အသတ်ရှိသော အင်္ဂလိပ်စကားပြောနေထိုင်သူအသစ်များအတွက် အရင်းအမြစ်လမ်းညွှန်တစ်ခုကို ဖန်တီးရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ဤလမ်းညွှန်တွင် ဘာသာစကားမျိုးစုံဖြင့် ကွန်မြူနတီတွင် ရရှိနိုင်သော ဘုံအရင်းအမြစ်များအကြောင်း အချက်အလက်ရှိသည်။ ဖတ်ရှုနားလည်မှုနည်းသူများအတွက် ပုံများပါရှိပါသည်။ ဤလမ်းညွှန်တွင် ဘာသာစကားနေရာထိုင်ခင်းများ ပံ့ပိုးပေးသည့်နေရာအတွက် သင်္ကေတများနှင့်အတူ ခရီးစဉ်များအတွက် ရနိုင်သော ဘတ်စ်ကားလမ်းကြောင်းအချက်အလက်လည်း ပါဝင်သည်။ ဤလမ်းညွှန်ချက်များကို သတင်းအချက်အလက်မှ အကျိုးခံစားနိုင်သူတိုင်းအား ပုံနှိပ်ပြီး ဖြန့်ဝေနိုင်ပါသည်။ ကျေးဇူးပြု၍ အနာဂတ်ပုံနှိပ်ခြင်းအတွက် ထပ်လောင်းမှုများ သို့မဟုတ် ပြင်ဆင်မှုများပြုလုပ်ရန် တောင်းဆိုချက်နှင့်အတူ hray@casoky.org သို့ Heath Ray အီးမေးလ်ပို့ပါ။
မြန်မာစာအတွက် 1 ကိုနှိပ်ပါ။
အင်္ဂလိပ်စာအတွက် 2 ကိုနှိပ်ပါ။
ဆိုမာလီအတွက် 3 ကိုနှိပ်ပါ။
စပိန်အတွက် 4 ကိုနှိပ်ပါ။
ဆွာဟီလီအတွက် 5 ကိုနှိပ်ပါ။



အကျပ်အတည်းလိုင်းများ /
အကူအညီလိုင်းများ
ငွေကြေးအကူအညီ
အိမ်ရာ/အမိုးအကာ
အစားအသောက်/အစားအစာများ

အကူအညီလိုတယ်? 2-1-1 သို့မဟုတ် ခေါ်ဆိုပါ။ 1-844-966-0906 သို့ ခေါ်ဆိုပါ။ သင့်စာတိုက်ကုဒ်ကို 898-211 သို့ စာပို့ပါ။ (ဘာသာစကား အသုံးပြုခွင့် ရနိုင်သည်)

အဝတ်အစား /
အိမ်သုံးပစ္စည်းများ
ကျန်းမာရေး/ သွားနှင့်ခံတွင်း
စိတ်ကျန်းမာရေး/စွဲလမ်းမှု
ဥပဒေရေးရာ အထောက်အကူ/
ဥပဒေ စိုးမိုးရေး


အလုပ်အကိုင်/
ဝင်ငွေကူညီမှု
ပြည်သူ/
ရပ်ရွာဝန်ဆောင်မှုများ
မိသားစုပံ့ပိုးမှု/
မိဘပံ့ပိုးမှု
ပံ့ပိုးကူညီရေးအဖွဲ့များ
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း/စီးပွားရေးလိုင်စင်များနှင့် ခွင့်ပြုချက်များ
သင့်အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို မည်ကဲ့သို့ အစပြုမည်ဟု တွေးတောကာ အစီအစဉ်ဆွဲနေပါသလား။ ဤသို့လုပ်ဆောင်ရာတွင် တရားဝင်လုပ်ဆောင်ချက်များ အဆင့်ဆင့်ပြီးမြောက်အောင် လုပ်ဆောင်ရခြင်း ပါဝင်သည့် အရေးကြီးအဆင့်များစွာ ရှိနေသည်။ အကယ်၍ သင်သည် Bowling Green ,KY တွင် စီးပွားရေးသမားတစ်ယောက် (သို့) ကန်ထရိုက်တာတစ်ယောက် ဖြစ်လိုပါက သက်မွေးအလုပ်အကိုင်ဆိုင်ရာ လိုင်စင်များနှင့် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန်၊ ကန်ထရိုက်တာလိုင်စင်ထုတ်ပေးသော ဘုတ်အဖွဲ့ (သို့) WKU စီးပွားရေးလုပ်ငန်းငယ်များ ဖွံဖြိုးရေးစင်တာနှင့် ချိတ်ဆက်ခြင်းတို့တွင် ကူညီပေးနိုင်သော ဝန်ဆောင်မူများနှင့် ဝန်ထမ်းများ ရှိနေသည်။
Bowling Green အတွင်းရှိ ပြောင်းရွှေ့နေထိုင်သူများနှင့် ဒုက္ခသည်အဖြစ် နေထိုင်သူများအတွက် Bowling Green မြို့တော်တွင် နိုင်ငံတကာလူမူအဖွဲ့အစည်း ပူးပေါင်းအဖွဲ့ တစ်ခု ရှိမည် ဖြစ်ကာ သင့်ကို ပုဂ္ဂိုလ်ရေးရာ ကူညီပေးနိုင်သည်။

Community Engagement Division for Neighbors and New Americans
Leyda Becker
Community Engagement Division Manager
270-935-8960
707 E. Main Street
Bowling Green, KY 42101
Bowling Green ရှိ အခြေချနေထိုင်သူများအတွက် ရရှိနိုင်သော နိုင်ငံတကာလူမူအဖွဲ့အစည်း ပူးပေါင်းအဖွဲ့ ( International Communities Liaison ) ၏ ဝန်ဆောင်မူများအကြောင်း အချက်အလက်များ ပိုမိုသိရှိလိုပါက အထက်ပါပုံကို နှိပ်ပါ။
အခြားသော အရင်းအမြစ်များအတွက် US စီးပွားရေးလုပ်ငန်းငယ် အုပ်ချုပ်ရေးအဖွဲ့ ထံမှ အကြံပြုချက်များ ဖတ်ကြားရန် အထက်ပါပုံက်ု နှိပ်ပါ။
ကျွန်ုပ်တို့၏ အနာဂတ်ဘွဲ့ရပညာတတ်များ မိမိတို့၏ သက်မွေးအလုပ်အကိုင် များတွင် အောင်မြင်ပေါက်မြောက်စေရန်Bowling Green Area Chamber Foundation,the Bowlin Green Independent School District ,Warren County Public School နှင့် ဒေသတွင်း လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ကာ SCK LAUNCH ဖြစ်ပါသည်။
ဝတ်ဆိုက်ပေါ်တွင် (အားလုံး အင်္ဂလိပ်ဘာသာစကားဖြင့် ဖြစ်နေလိမ့်မည်။) သင့်အနေဖြင့် အသက်မွေး အလုပ်အကိုင် လမ်းကြောင်းများအကြောင်း၊ ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးခြင်းများကို ပိုမိုတက်ရောက်ပေးခြင်း အားဖြင့် အသက်မွေးအလုပ်အကိုင် ကဏ္ဍအသီးသီးနှင့် မတူခြားနားသော အလုပ်အကိုင်အမျိုးမျိုးတို့တွင် ဝင်ငွေပိုမိုရှာဖွေနိုင်ခြင်းအကြောင်း တို့ကိုသင်ယူနိုင်မည် ဖြစ်သည်။ အလုပ်လျှောက်လွှာပုံစံ နမူနာများနှင့် အလုပ်အကိုင်ပြပွဲများတက်ရောက်ရန် အကြံဉာဏ်ကောင်းများကိုလည်း တွေ့ရှိနိုင်မည်။ ဤဝက်ဆိုက်သည် အထက်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများအတွက် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း သတင်းအချက်အလက်များမှာမူအသက်အရွှယ်မရွှေးလူတိုင်းအတွက်အထောက်အကူဖြစ်ပေလိမ့်မည်။
SCK LAUNCH ဝက်ဆိုက်သို့ သွားရောက်လိုလျှင် အောက်ပါပုံကိုနှိပ်ပါ။

ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာအကူအညီပေးခြင်း
ကျွန်ုပ်တို့အနေနဲ့ ပြောင်းရွှေ့ခိုလှုံသူ ဒုက္ခသည်များကို ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာ စာရွှက်စာတမ်းများ လုပ်ဆောင်ခြင်းလုပ်ငန်းစဥ်များတွင် အကူအညီပေးလျက်ရှိသည်။
ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် အောက်ပါများကို လျှောက်ထားခြင်းတွင် အတွေ့အကြုံရှိကြသည်။
-
Green Card ( အဆင့်ချိန်ညှိခြင်း )
-
နိုင်ငံသားဖြစ်ခွင့်
-
DACA
-
EAD ( အလုပ်ခန့်အပ်ခြင်း )
ကုန်ကျစရိတ်
စာရွက်စာတမ်းပြီးစီးအောင် ပြုလုပ်ခြင်း၊ လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ခြင်း နှင့် ပြည်ဝင်ခွင့်ဗီဇာကြေး ငွေပေးသွင်းခြင်းများနှင့် ဆက်စပ်၍ အခကြေးငွေများရှိသည်။ ကျွန်တော်တို့အနေနဲ့ လျှောက်ထားနိုင်မည့် အချိန်တွင် ကင်းလွတ်ခွင့်ရမည့်သူများ ကိုဗီဇာကြေးများတောင်းခံမည် ဖြစ်သည်။
မေးခွန်းများ?
ကျေးဇူးပြု၍ Pat Howard အား phoward@firstbaptistbg.org ဖြင့် ဆက်သွယ်ပါ။




